Mabel Organic Coffee Scrub အသုံးပြုနည်း


Coffee Scrub ကို ရိုးရိုးရေနှင့် ဖျော်နိုင်သလို ဒိန်ချဉ်နဲ့ပါ ဖျော်လို့ရပါသည်၊ ဒိန်ချဉ်နှင့် ဖျော်မည်ဆိုပါက Coffee Scrub နှစ်ပုံ  ဒိန်ချဉ် တစ်ပုံထည့်၍ ဖျော်ရမှာပါ၊ အရမ်းမကျဲစေပဲ ခပ်ပြစ်ပြစ်ဖျော်ရပါမည်၊ Coffee Scrub ကို မျက်နှာမှာ ၂ မိနစ်ခန့် သေချာပွတ်လိမ်းပြီး အနည်းဆုံး မိနစ် ၂၀ ကနေ အများဆုံးမိနစ် ၃၀ အထိထားပြီး မျက်နှာကိုဆပ်ပြာခပ်ပါးပါးနှင့် သစ်ချလိုက်ပါ၊ ခန္ဓာကိုယ်တခုလုံး Coffee Scrub လုပ်မည်ဆိုပါက သေချာပွတ်လိမ်း၍ မိနစ် ၃၀ ထားပြီး ကိုယ်တိုက်ဖော့တုံးဖြင့် ဆပ်ပြာတိုက်ချလိုက်မှသာ Cell အသေတွေ ကွာကျပြီး အသားအရည် ဝင်းသွားမှာပါ၊ Coffee Scrub ဟာ Face & Body ဖြစ်သလို အမျိုးသား အမျိုးသမီး အသုံးပြုနိုင်ပါသည်။
Coffee Scrub ကို မျက်နှာအတွက် အသုံးပြုမည်ဆိုပါက နှစ်ရက်ခြားတစ်ခါ အသုံးပြုရမှာဖြစ်ပြီး ခန္ဓာကိုယ်အတွက် အသုံးပြုမည်ဆိုလျှင် တစ်ရက်ခြားတစ်ခါ အသုံးပြုနိုင်ပါသည်။





အကြံပြုချက်
Coffee Scrub ကို ညမအိပ်ခင် အသုံးပြုဖို့ အကြံပေးလိုပါသည်၊ Coffee Scrub သုံးပြီး အိပ်စက်လိုက်ခြင်းဟာ အိပ်နေချိန်အတွင်း အသားအရည်ကို အနားရစေပြီး ပိုမိုအကျိုးသက်ရောက်စေပါသည်၊ မိမိအဆင်ပြေသည့် မည်သည့်အချိန်တွင်မဆို Coffee Scrub အသုံးပြုနိုင်ပါသည်။

မှတ်ချက်
Coffee Scrub ကို ပြည်ဖုဝက်ခြံ အစို ရှိသူများနှင့် အဆီဖုဝက်ခြံရှိသူများ (လုံးဝ) အသုံးမပြုရပါ
ဝက်ခြံအစို မရှိဘဲ ရိုးရိုးဝက်ခြံနှင့် အမာရွတ်ရှိသူဆိုရင် အသုံးပြုနိုင်ပါသည်။ Sensitive Skin သမားများ Super Oily Skin သမားများနှင့် ဝက်ခြံပေါက် သူများ မျက်နှာပေါ်တွင်အနည်းဆုံး ၅ မိနစ်နှင့် ခန္ဓာကိုယ်မှာ မိနစ် ၂၀ ထားရပမည်။
 Normal SkinType & Combination Skin Type ဖြစ်လျှင် မိနစ် ၃၀ အပြည့်ထားနိုင်ပါသည်၊ သေချာစွာ ပုံမှန်သုံးစွဲမည်ဆိုပါ ကအမာရွတ် အရောင်တွေ တဖြေးဖြေးဖျော့ သွားမှာပါ၊ အကယ်၍ ပုံမှန် မဟုတ်သောလက္ခဏာဖြစ်ပေါ်
လာပါက ဆက်လက် သုံးစွဲခြင်း မပြုပဲ ဆရာဝန်ထံမှအကြံပြုချက် ရယူပါ၊ Scurb မသုံးခင် ရေစွတ်စရာမလိုပါ၊ အသုံးပြုပြီးလျှင် Scrub ဗူးကို လေလုံအောင်ပိတ်ပြီး ခြောက်သွေ့သောနေရာတွင်ထားရပါမည်။

Comments

  1. Play the Video Game Genie Codes For Mega Drive & Genesis
    This can be done through a game console emulator or online on the web console. If you have the Game youtube to mp3 Genie code for Mega Drive/Genesis you

    ReplyDelete

Post a Comment

Popular posts from this blog